သရ၀ဏ်(ပြည်)
အမေရိကန်ပြည်ထောင်စု၏လွတ်လပ်ရေးဖခင် နှင်. ပထမဆုံးသမ္မတဖြစ်သူ ဂျော.၀ါရှင်တန်၏အတ္ထုပ္ဖတ္တိ ကိုဖတ်သောအခါ မှတ်သားစရာ စာတကြောင်းပါရှိ၏ ။ He never left anything half done ဟူ၍ဖြစ်သည် ။ သူသည် မည်သည်.ကိစ္စမဆို တ၀က်တပျက်နှင်. ထားခဲ.လေ.မရှိ ၊ ပြီးဆုံးအောင်လုပ်တတ်သည် ဟူသော စာသားဖြစ်သည် ။ ထိုစာသားမှာကျွန်တော်တို. အတုယူကိုယူရမည်. စိတ်ထားဖြစ်သည် ။ ကျွန်တော်တို.လူမျိုးတော်တော်များများသည် ဟိုစပ်စပ် သည်စပ်စပ်ဖြင်. ကိစ္စများစွာ ကိုတခုပြီးတခုအတောမသတ်ဆောင်ရွက်တတ်ကြသော်လည်း အဆုံးအထိရောက်အောင် ပြီးပြီးမြောက်မြောက် မယ်မယ်ရရ ဘာကိုမှ မလုပ်ဆောင်ကြပဲ လမ်းခုလပ်တွင်တ၀က်တပျက်ထားပစ်ခဲ.ကာနောက်တခုပြောင်းလုပ်တတ်ကြသောကြောင်.ဖြစ်သည် ။ တနည်းပြောရလျှင် ကောက်ရိုးမီးလို တပွဲထိုးစိတ်ဓါတ်ကများပြီး စိုက်လိုက်မတ်တတ်လုပ်ဆောင်တတ်သောဆန္ဒနည်းပါးခြင်းဖြစ်သည် ။ အကယ်စင်စစ် အလုပ်တစ်ခုလပ်ဆောင်ရာတွင် ၁၀၀ ရာခိုင်နှုန်းပြီးမှ အလုပ်ပြီးမြောက်သည်ဟုခေါ်နိုင်၏ ။အလုပ်တခုကိုရှေ.ဆက်မလုပ်ဆောင်တော.ပဲ တို.လို.တန်းလန်းထားခဲ.ခြင်းမှာ တ၀က်ကျော်ပြီးနေသည်.တိုင် ပြီးစီးသည်ဟုမဆိုနိုင်ပေ ၊ အသုံးမကျသော ၊ မပြီးစီးသောသဘောသာဆောင်ပါသည် ။
ဥပမာအားဖြင်. ရေနွေးအိုးတအိုးကျိုချက်သည်ဆိုပါစို. ။ ရေ၏ဆူမှတ်သည် ၁၀၀ ဒီဂရီစင်တီဂရိတ်ဖြစ်သည်ဆိုလျှင် ရေသည် ၅၀ ဒီဂရီအပူချိန်တွင် ဆူပွက်ဦးမည်မဟုတ် ။ လမ်းတစ်ဝက်တွင်ထားခဲ.ပြီး အလုပ်တ၀က်ပြီးသည် (၅၀ ရာခိုင်နှုန်းပြီးသည် ) ဟုပြော၍ဖြစ်မည်မဟုတ် ။ ရေ၏ဆူမှတ်သည် ၁၀၀ ဒီဂရီဖြစ်သဖြင်. ၉၉ ဒီဂရီအထိကျိုချက်ပြီးစေကာမူ အလုပ်ပြီးပြတ်သည်မဟုတ်သေးပေ ။ ရေနွေးပွက်ပွက်ဆူခြင်းဟူသောအလုပ်သည် ၉၉ ရာခိုင်နှုန်းပြီးမြောက်ရုံဖြင်.အောင်မြင်နိုင်သောကိစ္စမဟုတ် ။ Half done ခေါ်တ၀က်တပျက်နှင်.ပြီးမြောက်နိုင်သောကိစ္စမဟုတ်ပေ ။ ကျွန်တော်တို.သည် အလုပ်ကိစ္စများဆောင်ရွက်ကြသောအခါ အဖြေထွက်လာသည်အထိ အပြီးအစီးဆောင်ရွက်ကြသည်ထက် Half done ခေါ်တ၀က်တပျက်ဆောင်ရွက်ကြတာများပါသည် ။ ထို.နောက်တခုမပြီးသေးပဲနောက်တခုသို.ပြောင်းလုပ်ကြသည် ။ အလုပ်တွေဘယ်လောက်တောင် များများလုပ်ခဲ.သည်ဟုအရေအတွက်ကိုဂုဏ်ယူကြသည် ။ ပြီးမြောက်မှု စံချိန်နှင်. ဘယ်နှခုပြီးခဲ.သည်ဟူ၍ကား တိုင်းထွာသတ်မှတ်ကြရိုး နည်းပါးလှသည် ။ ဆိုလိုသည်မှာ လုပ်တော.လုပ်သည် ၊ ရည်မှန်းချက်အောင်မြင်အောင် ၁၀၀ ရာခိုင်နှုန်းပြီးစီးသောလုပ်ငန်းနည်းလှခြင်းကိုပြောလိုခြင်းဖြစ်သည် ။
ကျွန်တော်ကိုယ်တိုင်ပင် ကံ.ကော်ဝတ်ရည်စာအုပ်တိုက်မှ ဘာသာပြန်ဝတ္တုတို ၁၂ ပုဒ်ရေးသားပြန်ဆိုပေးပါရန်အလုပ်အပ်ထားသည်ကို လက်ခံထားသည်မှာကြာလှပေပြီ ။ ဘာသာပြန်လိုက်သောအခါ ၁၀ ပုဒ်တိတိပြီးစီးနေပြီဖြစ်သည် ။ သို.သော် နှစ်ပုဒ်ထဲကျန်ကာမှကျွန်တော်သည် ပြီးစီးအောင်ဆက်လက်မဆောင်ရွက်နိုင်ပဲ အပါတ်စဉ်ရေးသားနေသောဂျာနယ်ဆောင်းပါးများရေးသားခြင်းဘက်သို.လှည်.နေသဖြင်. တို.လို.တန်းလန်းကျန်နေသော ၀တ္တုတိုလေးနှစ်ပုဒ်မှာ ပြီးလုပါပြီ ပြီးလုပါပြီဟူသော အနေအထားနှင်.ပင် ရက်မှ လ ၊ လမှ နှစ်ဝက်ကျိုးလာခဲ.လေပြီ ။ ထို.ကြောင်.စာအုပ်ထွက်နိုင်ခြင်းဆိုသော Final Point သို.မရောက်တော.ပဲ ပြီးလုပါပြီဟူသော Half done အဆင်.မှာပင်ရပ်တန်.နေလေသည် ။ ဤကားမြန်မာတို.၏အကျင်.လားမသိပေ ။ ပန်းချီဆရာတယောက်ထံသို. စာအုပ် မျက်နှာဖုံးပန်းချီပုံသွားအပ်ရာ ကျွန်တော်သူ.ဆီရောက်သွားလျှင်ကျွန်တော်.အတွက်ပေးရမည်.ပုံကိုထုတ်ပြ၍ ပြီးလုပါပြီကွ ဟုဆိုကာ ပန်းချီစုတ်တံတို.ဖြင်.တို.တို.တိတိလုပ်ပြလေ.ရှိသည် ။ ကျွန်တော်ပြန်သွားပြီးနောက်ထပ်တယောက်ရောက်လာသောအခါ ထိုပန်းချီဆရာပင် နောက်ထပ်ပုံတပုံကိုထုတ်ပြကာ လုပ်နေပြီကွ ပြီးခါနီးပြီ ဟု ဆိုပြန်လေသည် ။ တကယ်အားမနာတန်းဆန်းစစ်လိုက်သောအခါ ထိုလူသည် အလုပ်တစ်ခုမှမပြီးမြောက်သော Half done သမားဖြစ်သည် ။ ဤလိုလူတွေများလှ၏ ။ ကျွန်တော်တို.မအောင်မြင်ခြင်းမှာ တ၀က်တပျက်သာအလုပ်လုပ်သောတို.လို.တန်းလန်းအကျင်.များကြောင်.ပေလောဟုစောကြောမိပေသည်။
ကျွန်တော်တို.ရပ်ကွက်ထဲတွင် ရေစီးရေလာကောင်းမွန်ရေးကော်မတီဟူ၍ ရပ်မိရပ်ဖများနှင်.ဖွဲ.စည်းလျက် စည်ပင်သာယာနှင်.ပေါင်းကာ လမ်းမကြီးတလျှောက်ရေမြောင်းများကိုလေးပေအကျယ် လေးပေအနက်ဟုဆိုကာမြေကော်စက်ကြီးများဖြင်.လိုက်လံတူးဖော်လေသည် ။ ရပ်ကွက်အတွက်ကောင်းမွန်သောအလုပ်ဖြစ်၍အားလုံးကအားပေးထောက်ခံကြသည် ။ သို.သော် မြောင်းများတူးဖော်ခြင်းအလုပ် ၈၀ ရာခိုင်နှုန်းလောက်ပြီးသောအခါ ဘက်ဟိုးမြေကော်စက်ကြီးမှာ ချိန်းကြိုးပြတ်သွားသဖြင်. ပြင်ဆင်ရန်ပြန်သယ်သွားသလိုလိုဖြင်.မြောင်းဖော်ခြင်းအလုပ်မှာတ၀က်တပျက်တွင်ရပ်တန်.နေလေသည် ။ ထိုအခါ ဖော်လက်စရေမြောင်းများထဲမှရေများမှာစီးဆင်းခြင်းမရှိပဲရေကူးကန်လိုေ၇တွေအိုင်နေလေသည် ။လမ်းတစ်လျှောက်တူးဖော်ထားသောရွံ.မြေများ ဗွက်များမှာလည်း ခနဆိုပြီးလမ်းဘေးတွင်ပုံထားရာမှာ စည်ပင်မှကားဖြင်.လာမသယ်သဖြင်. လမ်းဘေးတလျှောက် ဗွက်ပေါက်ကာ လမ်းပုခုံးသားက ရေမြောင်းထက်မြင်.ကာ ဗွက်ထနေခြင်းသာအဖတ်တင်လေသည် ။ အပြီးအစီးအထိမဆောင်ရွက်ပဲ တ၀က်တပျက် ( half done ) လုပ်သွားသဖြင်. တူးဖော်ထားသော ရေမြောင်းပိုင်ရှင်များမှာ ရေမြောင်းကို အပြီးအဖုံးဖုံးရမလိုလို ၊ သူတို.ပဲနောက်တခေါက်ပြန်လာတူးတော.မလိုလိုနှင်.လာလုပ်ရမှန်းမသိပဲယောင်ချာချာဖြစ်ရလေသည် ။တိုလို.တန်းလန်းလုပ်သောအမြင်မတော်သည်.နောက်ထပ်လုပ်ရပ်တခုမှာ ရပ်ကွက်အတွင်း ကန်စွန်းခင်းစိုက်သည်.ရေ၀ပ်မြေကွက်တခုအား ရပ်ကွက်အားကစားကွင်းလုပ်ပေးမည်ဟု မြို.နယ်စည်ပင် အဖွဲ.မှလူကြီးအချို.၏ဆောင်ရွက်ချက်ဖြစ်သည် ။ ကျွန်တော်တို.မျက်စေ.ထဲတွင်မြင်ယောင်မိသည်မှာ တလနှစ်လအတွင်းရပ်ကွက်ကစားကွင်းလေးတခုပေါ်လာတော.မည်ဟူ၍ဖြစ်သည် ။ ကစားကွင်းကိုမြင်ယောင်ကြည်.သောအခါ မြက်ခင်းစိမ်းစိမ်းလေးပေါ်တွင်ကလေးများကစားနေကြခြင်းဖြစ်သည် ။ မြက်မတတ်နိုင်လျှင်သော်မှညီညာပြန်.ပြူးသည်. သဲခင်းထားသောမြေကွက်တကွက်တော.ဖြစ်လာမည်ဟုထင်မိပေသည် ။ ထိုသို.ထင်အောင်လည်းမြို.နယ်စည်ပင်မှ ကစားကွင်းပုံစံငယ်ဟုဆိုကာ ဆိုင်းဘုတ်တွေဘာတွေချိတ်လျက်မစားရ၀ခမန်းပြသထားပေသေး၏ ။သူတို.ရေးဆွဲထားသောပုံစံငယ်အရဆိုလျင် ခြင်းလုံးကွင်းလည်းပါ၏ ။ ဘောလုံးကွင်းလည်းပါ၏ ။ ဖူဆယ်ကွင်းလည်းပါ၏ ။ အလေးမအားကစားရုံပင်ပါလိုက်သေး၏ ။ အတော်ဟုတ်ပေသည်တကား ။ လက်တွေ.တွင်တော.ထိုကွင်းကလေးသည် အမှိုက်ကားများအမှိုက်လာပုံလိုက် ၊ မြောင်းဖော်ထားသော ရွံ့ မြေများလာချလိုက်နှင်. မြင်မကောင်းကြည်.မကောင်းသောမြေစာပုံဖြစ်လာသည်မှတပါး ရက်မှလပြောင်း၊လမှ နှစ်ဝက်ကျိုးလာသည်အထိ ထူးမခြားနားပါတ်ပျိုးလိုပင်ဖြစ်နေပေသည် ။ ထိုနေရာသည် ကလေးများကစားဖို.နေနေသာသာ လူကြီးများပင် လမ်းလျှောက်၍မဖြစ်နိုင်သောဖုန်းဆိုးမြေသာဖြစ်နေပါသည် ။ထိုပုလင်းကွဲတွေ အုတ်ကျိုးတွေ အမှိုက်တွေပြည်.နေသောနေရာကို လမ်းကြိတ်စက်ဖြင်.ကြိတ်ဦးမှာလားဟုမေးသောအခါ မကြိတ်တော.ပါ ဒီအတိုင်းပဲ ကစားကြရမည်ဟုဆိုပေ၏ ။ မည်သည်.နေ.ရက်တွင်အပြီးသတ်ကြမည်ဟူ၍လည်း Plan ရှိကြပုံမရပေ ။ အစကောင်းသော်လည်း အနှောင်းမသေချာသောလုပ်ရပ်ပင် ။
၂၀၁၀ ရွေးကောက်ပွဲနီးသောကာလက ကျွန်တော်တို.ရပ်ကွက်ထဲတွင် စည်ပင်ကလိုလို ပြည်ခိုင်ဖြိုးပါတီကလိုလိုဖြင်. (ယခုအထိပဟေဋိဖြစ်နေဆဲ) ကွန်ကရစ်လမ်းလာခင်းပေးပါသည် ။ ထိုစဉ်ကရန်ကုန်မြို.တော်ဝန်မှာ ဦအောင်သိန်းလင်းဖြစ်ပါသည် ။ လမ်းတစ်ခြမ်းခင်းအောင်သိန်းလင်းဟုလူတွေကခေါ်နေကြသောအချိန်ဖြစ်ပါသည် ။ဘာကြောင်.ထိုသို.အမည်ပေးသလဲဆိုတာကျွန်တော်တို.လမ်းကို ကွန်ကရစ်လာခင်းပေးမှသိရပါသည် ။ လမ်းသည် ဆယ်ပေအကျယ်ရှိသည်ဆိုလျှင် ဆယ်ပေအပြည်.ခင်းမပေးပဲ တလမ်းလုံးအစမှအဆုံးအထိ ငါးပေအကျယ်ကွန်ကရစ်လောင်းသွားပါသည် ။ ထိုအခါ လမ်းမှာ ငါးပေကွန်ကရစ် ငါးပေမြေသားလမ်းဖြစ်ကာ ကားများဝင်ထွက်၍မရတော.ပဲကမောက်ကမဖြစ်ကြရပါသည် ။ ကျန်သည်.တ၀က်ကို ရွေးကောက်ပွဲတွင်သူတို.အဖွဲ.နိုင်ပါက လာခင်းပေးမည်ဟုပင် မက်လုံးပေးလိုက်သေးသည် ။ တ၀က်တပျက် ( half done ) လုပ်ကြခြင်းဖြစ်သည် ။ ရွေးကောက်ပွဲတွင် ကျွန်တော်တို.မြို.နယ်၌ လမ်းတခြမ်းခင်းအဖွဲ.ရှုံးပါသည် ။ လမ်းတခြမ်းဆက်ခင်းမပေးလျင်တိုင်မည်တောမည်ဟုဖြစ်လာသောအခါမှ ကျန်သည်.တခြမ်းကို ညကြီးမင်းကြီးလာခင်းပေးပါသည် ။ ရောက်လာသောဘိလပ်မြေအိပ်များမှာလည်း အော်ရီဂျင်နယ်မဟုတ် ၊ ဖွင်.ဖောက်ပြီးသားအိတ်များဖြစ်ပါသည် ။ ထိုဘိလပ်မြေအိတ်အလျော.များကို စစ်ဆေးရေးမ၀င်ခင်အစဖျောက်သည်.အနေဖြင်. ညတွင်းချင်းကျွန်တော်တို.လမ်းကိုခင်းခိုင်းခြင်းဖြစ်နိုင်ပါသည် ။ လမ်းဖြစ်လျှင်အမြတ်ဟုဆိုကာ အရိုးများသောချေးခါးသောရွေးမနေနိုင်ပဲ သူတို.ခိုင်းသည်.အတိုင်း ညတွင်းချင်းဘိလပ်မြေဖျော်၍လောင်းလိုက်ရာ စာရင်းစစ်များစာရင်းစစ်ပါက ဘိလပ်မြေ ဘယ်နှအိပ်ဟုစာရင်းပြသည်.တိုင် ခင်းပြီးလမ်းကိုစစ်ဆေး၍မရတော.ပါ ။ ထိုသို.တ၀က်တပျက်ချန်ထားသော လမ်းများလည်းမြန်မာနိုင်ငံအနှံ.ပေါများလှပါသည် ။
မြန်မာနိုင်ငံတနိုင်ငံလုံးအုတ်အော်သောင်းတင်းဖြစ်သွားသော ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားခြင်းမှာလည်း အပြီးရပ်ဆိုင်းခြင်းမဟုတ် ။ ကိစ္စတခုကိုတည်.(ဒဲ.) ရှင်းရသေးသည်မဟုတ် ဟိုလိုလိုသည်လိုလိုဖြင်.ငါးနှစ်ရပ်နားထားမည်ဆိုပြန်ရာမပြီးပြတ်သေးသော ( Half done ) ကိစ္စ တစ်ခုဖြစ်နေပါသည် ။ တကယ်ဆိုလျှင် စခဲ.သူသည် ပိုင်ပိုင်နိုင်နိုင်အဆုံးသတ်ရမည်ဖြစ်သည် ။ ကောင်းမွေဆိုးမွေကိုတာဝန်ခံမှုရှိရမည်ဖြစ်သည် ။ စခဲ.သူမှာ ယခုအစိုးရအဖွဲ.ခေါင်းဆောင် ဗိုလ်ချုပ်ကြီး(ဟောင်း)ဦးသိန်းစိန် ၊ ဦးသူရရွှေမန်းတို.လည်းပါဝင်ပါသည် ။ ယခင်ဗိုလ်ချုပ်မှူးကြီးတို.လည်းပါဝင်ပါသည် ။ သူတို.လုပ်ထားသည်က တ၀က်တပျက်ဖြစ်နေပါသည် ။ မည်သို.အဆုံးသတ်မည်နည်း ယခုအထိ သတ္တိရှိရှိရဲရဲဝံ.၀ံ.ကြေငြာချက်ကိုမကြား၇သေးပါ ။ခေတ္တဆိုင်းငံသလိုလို၊ငါးနှစ်ပြည်.ကပြန်လုပ်မလိုလို တောင်လိုလိုမြောက်လိုလိုပင်ရှိနေပါသေးသည် ။ကျွန်တော်တို.နိုင်ငံတွင် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊တရားစီရင်ရေးနယ်ပါယ်အသီးသီးတွင် လုပ်ငန်းများ ၊စီမံကိန်းများရှိရာတော်တော်များများသည် လက်စမသတ်နိုင်သေးသောတ၀က်တပျက် လုပ်ငန်းများစွာရှိပါသည် ။ သန်.ရှင်းသောအစိုးရ၊ကောင်းမွန်သောအုပ်ချုပ်မှုဟုကြွေးကြော်ခဲ.ရာ မအောင်မြင်သည်ကိုတွေ.ရပါသည် ။ ဆင်းရဲနွမ်းပါးမှုလျော.ချရေးစီမံကိန်းမှာလည်း Half done ပင်မဟုတ် Nothing done ဟုသာပြောရပေမည် ။ကျေးရွာများမီးလင်းရေး ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးစသည်.လုပ်ငန်းများမှာလည်းဘယ်မှမယ်မယ်ရရမရောက်ပဲတ၀က်တပျက်နှင်.ရပ်တန်.နေပေသည် ။ စိမ်းလဲ.ကန်သာငါးလောင်းပြိုင်လူသတ်မှူ ၊ကချင်ဆရာမနှစ်ယောက်သတ်ခံရမှု ၊နေပြည်တော်-မြို.သစ်အမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ယောက်မီးရှို.သတ်ခံရမှု၊ ပြည်မြို.န၀ဒေးတံတားအောက်လူသတ်မှု စသည်တို.မှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ.အတွက် မပြီးပြတ်သေးသော (တရားခံမဖော်နိုင်သော) တို.လို.တန်းလမ်း အမှုများဖြစ်ပေသည် ။ ကျွန်တော်တို.လူမျိုးသည် တ၀က်တပျက်လုပ်သောအလေ.အထနှင်.ယဉ်ပါးနေပြီဖြစ်ပါသည် ။
အဖွဲ.အစည်းများထဲတွင် တပ်မတော်သည်အတော်အတန်စည်းကမ်းတကျအလုပ်လုပ်တတ်ဆုံးအဖွဲ.ဖြစ်သည်ဟုယူနိုင်ပေသည် ။အရပ်သာများထက် အလုပ်တခုကိုအပြီးသို.ရောက်အောင်ဆောင်ရွက်တတ်သည်ဟုနာမည်သတင်းထွက်သည် ။ တပ်မတော်သည် ကိစ္စတခုပေါ်လာလျှင် Mission တခုအဖြစ်သတ်မှတ်ပြီး ပြီးစီးအောင်ဆောင်ရွက်လေ.ရှိပြီး မစ်ရှင်တခုရည်မှန်းချက်ပြီးစီးအောင်မြင်သောအခါ ရည်မှန်းချက်ပြီးမြောက်ပြီ ( Mission Accomplished ) ဟုသတ်မှတ်ခေါ်ဝေါ်လေ.ရှိသည် ။တ၀က်တပျက်နှင်.ထားခဲ.လေ.မရှိပေ ။ တ၀က်တပျက်ဖြစ်ကတတ်ဆန်းလုပ်သူများပေါများသောနိုင်ငံဝယ်တပ်မတော်သည်အရပ်သားများထက်သာ လွန်အောင် အလုပ်တခုကိုပြီးဆုံးသည်အထိစနစ်တကျဆောင်ရွက်တတ်သော်လည်း တပ်မတော်တွင် အဆုံးအထိမရောက်ပဲ တ၀က်တပျက်အပြီးမသတ်နိုင်သည်. Half done mission သုံးခု၇ှိသည်ဟုကျွန်တော်ထင်သည် ။ ထို အလုပ်သုံးခုကိုသာ ပြီးဆုံးသည်အထိ အပြည်.အ၀အကောင်အထည်ဖော်ဆောင်ရွက်နိုင်လျှင် မြန်မာ.သမိုင်းသည်ပြောင်းလဲလာနိုင်စရာ၇ှိပေ၏ ။ပြည်သူသည်တပ်မတော်ကိုချစ်ခင်လာနိုင်စရာရှိ၏ ။
မပြီးဆုံးသေးသော ပထမအလုပ်တခုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသောအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်(N.L.D)ကိုအာဏာမအပ်နိုင်ခဲ.မှုဖြစ်သည် ။ မည်သို.သောအကြောင်းပြချက်လှလှများရှိသည်ဖြစ်စေ ရွေးကောက်ပွဲလုပ်ခြင်း၏ရည်ရွယ်ချက်မှာနိုင်သူကိုအာဏာလွှဲပြောင်းပေးရေးဖြစ်သည် ။ တပ်မတော်အစိုးရကကျင်းပပေးခဲ.သောရွေးကောက်ပွဲဖြစ်သဖြင်. ပြီးစီးသည်အထိအကောင်အထည်ဖော်ရန်မှာတပ်မတော်တွင်တာဝန်ရှိသည် ။ ရွေးကောက်ပွဲကျင်းပခြင်း၏အဆုံးတိုင်ရည်မှန်းချက်မှာ အာဏာလွှဲပြောင်းပေးခြင်းဖြစ်သည် ။ ထိုသို.လွှဲပေးနိုင်ရန်အခြေခံဥပဒေမရှိလျှင် ရွေးကောက်ပွဲနိုင်သောအဖွဲ.ကို အခြေခံဥပဒေရေးဆွဲစေရပါမည် ။ လွှတ်တော်ခေါ်ပေးရပါမည် ။ထို.နောက်အာဏာလွှဲပေးရပါမည် ။ ဒါမှသာ Mission Accomplished ဖြစ်ပါမည် ။ ယခု သော် Half done အဆင်.မှာပဲရပ်သွားပါသည် ။ ရွေးကောက်ပွဲလုပ်ပေးသည် ။ ကျန်သည်.အဆင်.များကိုမသိကျိုးကျွံပြုလိုက်သည်။ဆက်မလုပ်တော. ။တ၀က်တပျက်သာအလုပ်ပြီးခြင်းဖြစ်သည် ။
နောက်တစ်ချက်မှာ နိုင်ငံရေးတွင်တပ်မတော်မှဝင်ပါနေမှုဖြစ်သည် ။ သူတို.နိုင်ငံလွတ်လပ်ရေးနှင်.အတူပေါက်ဖွားလာသောအမေရိကန်ပြည်ထောင်စုတပ်မတော်သည်ပင် နိုင်ငံရေးတွင်ဝင်မပါတောပဲ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုကိုနာခံနေပြီဖြစ်သည် ။အင်ဒိုနီးရှားတပ်မတော်သည်လည်းနိုင်ငံရေးမှဆုတ်ခွာသွားတာကြာချေပြီ ။မြန်မာ.တပ်မတော်နိုင်ငံရေးမှဆုတ်ခွာမှုလုပ်ငန်းစဉ်သည်လည်း မပြီးဆုံးသေးသော လုပ်ငန်းစဉ်တခုဖြစ်ပါသည် ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.များနှင်. ငြိမ်းချမ်းရေးရရှိပြီးလက်နိုင်ကိုင်အဖွဲ.များအားလုံးချုပ်ငြိမ်းသွားမှသာ တပ်မတော်ကနိုင်ငံရေးမှထွက်ခွာမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအရိပ်အမြွက်ဆိုထားရာ အလုပ်ပြီးမည်. နေ.ရက်အချိန် ကိုအာမခံနိုင်ခြင်းမရှိပဲ ပြီးတဲ.နေ.ပြီးတာပေါ.ကွာဟူသော ပန်းချီဆရာလိုဖြစ်နေပါသည် ။ ထိုကိစ္စသည်လည်း တို.လို.တန်းလန်းအလုပ်တခုအဖြစ်ကျန်ရစ်နေသည် ။
တတိယအချက်မှာတပ်မတော်က ပြည်သူလူထုထံမှသိမ်းထားသောမြေယာများအနက်အမှန်တကယ်အသုံးမလိုသောမြေယာများကိုမူလပိုင်ရှင်သို.ပြန်ပေးနိုင်မှုဖြစ်သည် ။ ဤကိစ္စတွင်တပ်မတော်ဘက်မှစွန်.လွှတ်မြေယာများကိုအားလုံးပြန်ပေးပြီးပြီဟုဆို၏ ။ တောင်သူများက သူတို.လက်ထဲသို.ပြန်မရသေးကြောင်းအထောက်အထားနှင်.ပြောကြ၏ ။ တပ်မတော်သားဟောင်းတဦးဖြစ်သောဦးအောင်သိန်းလင်းကတော. တပ်မှမြေအားလုံးပြန်ပေးပြီးပြီ ၊မရသေးခြင်းမှာတပ်ကပြန်ပေးရာတွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုပြန်လည်စွန်.လွှတ်ပေးပြီး အထွေထွေအပ်ချုပ်ရေးဦးစီးဌာနမှ ပိုင်ရှင်များကိုပြန်မပေးသေးခြင်းသာဖြစ်ကြောင်းပြောကြားသွားပေသည် ။ ယုတ္တိဗေဒ အရပြောရလျှင် Aသည် B ၏မြေကို C အားသိမ်းဆည်းခိုင်း၏ ။ Bကပြန်တောင်းသောအခါ Aသည် B သို.ပြန်ပေးရမည်.အစား C သို.ပေးလိုက်ပြီး သူ.တွင်တာဝန်မရှိတော. သူလုပ်ရမည်.အလုပ်သည်ပြီးပြီ ဟုဆိုသလိုရှိ၏ ။ အမှန်စင်စစ် ဤသို.လုပ်ခြင်းသည် ရှုပ်ထားသောအရှုပ်ထုပ်တခုကိုဖြည်ရာတွင် အလုံးစုံပြီးမြောက်ခြင်းမဟုတ်ကြောင်းလူတိုင်းသိမြင်နိုင်သည် ။တပိုင်းတစပြီးခြင်းသာဖြစ်သည် ။ A ကြောင်. B သည်မြေဆုံးခြင်းဖြစ်ရာ B ၏လက်သို. C ကပေးမပေးကို တာဝန်ယူ၍ ဆောင်ရွက်ပြီး B လက်ဝယ်သို.အရောက်ပို.ဆောင်နိုင်ပါမှ Mission Accomplished ဖြစ်ပေမည် ။ ယခုသော်ကား တ၀က်တပျက်သာပြီးသော အလုပ်ဖြစ်နေပါ၏ ။
မည်သို.ပင်ရှိစေ တပ်မတော်သည်မကြေပြွန်ခဲ.သောတာဝန်သုံးရပ်အနက် ပထမဆုံးတစ်ခုဖြစ်သော ရွေးကောက်ပွဲအနိုင်ရသောပါတီလက်ထဲသို.အာဏာအပ်ခြင်းတာဝန်ကို ကြေပြွန်စွာဆောင်ရွက်နိုင်မည်.အခွင်.အလမ်းသည် နောက် ရက်ငါးဆယ်ခန်.အကြာတွင်ပေါ်ပေါက်လာတော.မည်ဖြစ်သည် ။၂၀၁၅ နိုဝင်ဘာ (၈)ရက်ရွေးကောက်ပွဲတွင် အစိုးရဖွဲ.နိုင်သည်အထိ အမတ်လောင်းအရေအတွက်ရသောပါတီ၏လက်ထဲသို.နိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးခြင်းဖြင်. ၁၉၉၀ ကတည်းကစခဲ.ပြီး မပြီးပြတ်သေးသောကတိက၀တ်တခုကိုတည်စေမည်.အခွင်.အရေးရှိနေပြီဖြစ်သည် ။ ထိုသို.တ၀က်တပျက်တို.လို.တန်းလန်းဖြစ်ခဲ.သောအလုပ်တခုကိုအဆုံးအထိကြေပြွန်ခြင်းဖြင်. သမိုင်းကြွေးကိုဆပ်ရပေမည် ။ တပ်မတော်သည်ကတိတည်သောတာဝန်ကြေသောတပ်မတော်အဖြစ် တိုင်းသူပြည်သားများကိုသက်သေပြရမည်ဖြစ်သည် ။ထိုသို.သက်သေပြပြီးနောက် နိုင်ငံရေးမှထွက်ခွာသွားရေးဟူသောတာဝန် ၊ သိမ်းဆည်းမြေယာများကို မူလပိုင်ရှင်လက်ဝယ်ရောက်သည်အထိစေ.စေ.စပ်စပ်လိုက်ကြည်.ကာ ထိထိမိမိပေးဆပ်ခြင်းဟူသောတာဝန်များကို ဆက်တိုက်ကြေပြွန်ခဲ.ပါက မြန်မာများသည် တ၀က်တပျက်သာအလုပ်ပြီးအောင်လုပ်တတ်သောလူမျိုးဖြစ်သည်ဟူသောနာမည်ဆိုးမှတမျိုးသားလုံးရုန်းထွက်နိုင်ကြမည်ဖြစ်ပါကြောင်း ။
သရ၀ဏ်(ပြည်)
၂၂.၉.၂၀၁၅
စောင်.ကြည်.ဂျာနယ်
Thursday, September 17, 2015
ပြင်ဖို့လိုတဲ့ အကျင့်တွေ
Subscribe to:
Posts (Atom)